ဘုတလင် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တောင်သူ အသိပညာပေး သင်တန်းကို နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီးဌာန ဆိုင်ရာများ နှင့်သင်တန်း သားသင်တန်းသူ(၂၃)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့် ဓာတုပိုးသတ်ဆေးများကို လျော့ချ သုံးစွဲကြပြီး ဓါတုပိုးသတ် ဆေးများအစားတောင်သူများအလွယ် တကူ ဖျော်စပ် သုံးစွဲနိုင်မည့် ဆေးရွက်ကြီးဖြင့် သဘာဝပိုးနှင့် ဆေးပြုလုပ်သုံးစွဲနိုင်ရန် ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးသီးနှံများအားကြီးထွား နှုန်းမြန်ဆန်စေရန်နှင့် သီးပွင့်များ ကြွေကျမှု လျော့နည်း စေရန် အသီးအပွင့်အညှာခိုင်ဖို့ သဘာဝအားဆေးဖျော်စပ်သုံးစွဲနည်းကို ငါးအမိုင်နိုအက်ဆစ်အား ဆေးဖျော်စပ်နည်း ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် သင်တန်းသား သင်တန်းသူများအား (Demostration)သရုပ်ပြခန်းများအား ရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)