ဇီးကုန်း အောက်တိုဘာ ၁
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ဂုံးလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဇီးကုန်းမြို့နယ် ဆီလုပ်ငန်းရှင် ဦးမောင်မောင်ဆွေတို့ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီ တစ်ပိဿာ(၃၈၅၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျင် ( ၁ ပိဿာမှ ၅ ပိဿာအထိ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ပြည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် ပထမကြိမ်အဖြစ် ဆီ(၁၀)ပေပါကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)