တိုက်ကြီးမြို့နယ်တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

တိုက်ကြီး အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်ကား လမ်းဘေးရှိ ရွှေဂျိုးဖြူခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန် - ပြည်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများ ပါးစပ်/ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ဒုတိယ​ဗိုလ်မှူးကြီး ရဲကျော်သူ ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမူး ဒေါက်တာ နေမင်းမျိုးထွန်းနှင့် ဝန်ထမ်းများ၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက် များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်/နှာခေါင်းစည်း (Mask) (၁၅၀၀၀)ခု အား အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ ထို့နောက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ စီးနင်းမှု မရှိ စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းတို့ကိုလည်း တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)