ရေစကြိုမြို့နယ်တွင် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ရေစကြို      အောက်တိုဘာ ၁

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်  ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများကို အောက်စီဂျင်အခမဲ့ လူမှုကူညီရေးအသင်းမှ ရေစကြိုမြို့နယ်အတွင်း ရပ်ကွက်(၈)ခုရှိ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆင်းရဲ နွမ်းပါးသူများအား စက်တင်ဘာ ၃၀ရက် နံနက်၉နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများလှူဒါန်းရာတွင် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက ရေစကြိုမြို့နယ်ရှိ အိမ်ထောင်စုတစ်ရာစာအတွက်၊ တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်၊ ဆီ ၁ ပိဿာ ပေးအပ်ခဲ့ပြီး အောက်စီဂျင်အခမဲ့လူမှုကူညီရေးအသင်းက တာဝန်ခံ ကိုဖိုးခိုင် ဦးဆောင်၍ ရပ်ကွက် ၈ ရပ်ကွက်ရှိ  ဆင်းရဲနွမ်းပါးသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရ သည်။

 

နော်နော် (ချင်းတွင်းသား)