သတင်းများ

ဝါးခယ်မမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ် လှူဒါန်းမှုများပြုလုပ်
Oct 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ်အဖြစ်လှူဒါန်းမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၁၁)နာရီက"ဒေါ်ပိုက်မိ" ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ထုမြို့တွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ ရန်ကင်းတောင်စေတီတော် ဘုရားကုန်းမြေတွင် အောက်ဆီဂျင်စက်ရုံကို စေတနာရှင်များ၏အားဖြင့် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပမာဏ၏ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စက်ရုံဆောက်လုပ်ရေးကော်မတီမှ သိရသည်။
ဂွမြို့ရှိလူမှုရေး အသင်းအဖွဲ့များအား ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 01,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ရှိလူမှုကူညီရေးအသင်းအဖွဲ့များအား ကိုဗစ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေလယ် ၁၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် ၁၉ ဦး ရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ စုစုပေါင်း ၁၃၀၃  ဦးရှိလာပြီဖြစ်
Oct 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၁၉) ဦး တွေ့ရှိ ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီ၌ ယခင်နှစ်စိုက်ပျိုးဧကထက် လျှော့ချ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ
Oct 01,2021
မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ် ၊ ဖိုကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် ယခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် ယခင်နှစ်ကထက် စိုက်ပျိုးဧကများကို လျှော့ချ၍ စိုက်ပျိုးရန် စီစဉ်နေ ကြောင်းသိရသည်။ တောင်သူများအနေဖြင့် ယခင်နှစ်များက တောင်သူတစ်ဦးလျှင် ကြက်သွန်နီ (၄) ဧကခန့်စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့တင်ပို့ ရမှုနည်းပါးခြင်း၊ ကြက်သွန်နီသည် ပြည်သူများ၏ အခြေခံစားသောက်ကုန်ဖြစ်သဖြင့် အလှူမင်္ဂလာ ပွဲများတွင် အသုံးပြုရမှုနည်းပါးခြင်း ၊ ယခင်နှစ်က ကြက်သွန်နီစျေးနှုန်းကျဆင်းခြင်းကြောင့် အခက် အခဲအကျပ်အတည်းများကြုံတွေ့ရပြီး တောင်သူများ၏စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှု ရှိကြောင်း ဖိုကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံက သိရသည်။
ဖောင်းပြင်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ၏ မိသားစုဝင်အား ထောက်ပံ့
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် စက်တင်ဘာလ ၂၆ရက်နေ့က  မိုးကြိုးလျှပ် စီးကြောင့် မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာတွင်နေထိုင် သူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရာ သေ ဆုံးခဲ့သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေကျပ်(၃၀၀၀၀၀) သုံးသိန်းကို ယမန်နေ့ညနေ ၃ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။
ကြံခင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ကြံခင်းမြို့တွင်(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်ကကြံခင်းမြို့မြို့မရဲစခန်းအစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။