ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၉၀) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၈၃၅)ဦးရှိ

ကယား အောက်တိုဘာ  ၁

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၄)ဦး စစ်ဆေးခဲ့ရာ (၄) ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၃၀)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၆၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၆) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၉၀)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၁၇) ဦး၊ လွိုင်ကော်မြို့နယ်ရှိ(PMC) တွင်(၃၇)ဦး၊ ဖရူဆိုမြို့နယ်ဆေးရုံတွင်(၇)၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၅)ဦး၊ ဘောလခဲမြို့နယ်(PMC)များတွင် (၂၁)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၉၀) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာ စုစုပေါင်း (၃၅၈၉) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၂၈၃၅)ဦးရှိပြီ ယနေ့တွင် သေဆုံးသူ (၄)ဦးရှိရာ လွိုင်ကော်မြို့နယ်(၂)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် (၂)ဦးဖြစ်ပြီး စုစုပေါင်း သေဆုံးလူနာ(၁၃၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၃၄) ဦး၊ Positive Medical Centre များတွင် (၁၆၆)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင်(၆၅)ဦး၊ ဖရူဆိုမြို့နယ်တွင်(၁၀)ဦး၊ ဘောလခဲမြို့နယ်တွင် (၁၁၃)ဦး၊ ရှားတောမြို့နယ်တွင် (၅)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၅၉)ဦး၊ တပ်မတော်ဆေးရုံတွင် (၄)ဦး ၊ မယ်စဲ့မြို့နယ်တွင် (၅၉)ဦး၊ စုစုပေါင်း (၆၁၅) ဦးအား ကုသပေးလျက် ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)