ရန်ကုန် အောက်တိုဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ပြည်သူ့ အတွက် ပန်းခင်း စီမံချက် ဗီနိုင်းပိုစတာနှင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပိုစတာများ ကို ယမန်နေ့ မွန်းလွဲပိုင်းက ဒေါပုံမြို့နယ် လ.၀.က ဦးစီးမှူး ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်ကြသည့် မြို့နယ် လ.၀.က ရုံးရှေ့တွင် လည်းကောင်း၊ သင်္ဘောကျင်း လူကူးခုံးကျော်တံတား အောက်တစ်ဖက်တစ်ချက်စီတွင်လည်းကောင်း မြို့ သစ်ရပ်ကွက်ရှိ ဒေါပုံစျေးရှေ့တွင်လည်းကောင်း ပြည်သူများ သိရှိနိုင်ရန်အတွက် ဗီနိုင်းပိုစတာများ စိုက်ထူခဲ့သည်။
ပြည်သူ့အတွက် ပန်းခင်းစီမံချက်၌ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွှေ့နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစားရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင် လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် လ.ဝ.က ရုံးမှ သိရှိရသည်။
ခင်မာဝေ(ပြန်/ဆက်)