လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် မြက်ချုံနွယ်များနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ ခြင်များခိုအောင်းမှု မရှိစေရေးနှင့် ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ ပြန်လည် တူးဖော်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် မြက်ချုံနွယ် များ ရှင်းလင်းခြင်းကို မြို့နယ်စည်ပင်သာယာရုံး ဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် မြို့နယ်စည်ပင်သာယာ‌ရေး အုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ စီမံဌာန၊ ပန်းဥယျာဉ်၊ လမ်းတံတား၊ သန့်ရှင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဝန်ထမ်း များက ယနေ့ နံနက် ၇ နာရီအချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးရှေ့ တွင် ချုံနွယ်၊ မြက်ပင်များနှင့်‌ ဘေးဝဲယာရှိ မြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် ရှင်းလင်းပြီးသော သစ်ကိုင်း များ၊ အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သယ်ယူ၍ သတ်မှတ်နေရာတွင် စွန့်ပစ်ရေးတို့အား ဆောင်ရွက်ခဲ့ပြီး စုပေါင်းသန့်ရှင်းရေးကို ဝန်ထမ်းအင်အား(၅၀)ကျော်ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာ‌ရေး အလုပ်အမှုဆောင်အရာရှိ ဦးဝင်းနိုင် ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)