ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်း စကားသံများ

ဇေယျာသီရိ   အောက်တိုဘာ  ၁

ကိုခန့်ဖြိုးဟိန်း

ဂရုဏာရှင်လူမှုကူညီရေးအသင်း

ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်

ကျွန်နော် စဖြစ်တာက ကျွန်တော့်အကိုကြီးတွေနဲ့ အတူတူဖြစ်တာပဲ၊ အကိုကြီးတွေ positive ဖြစ်တော့ အတူတူအလုပ်လုပ်နေတာလေ ကူးပြီပေါ့ဗျာ၊ ကိုဗစ်ဖြစ်တော့ ပုဗ္ဗသိရိ ခုတင် ၅၀ ရောက်သွားတယ်။ positive ဖြစ်သွားတော့ ပုံမှန်စား၊ ဆေးတောင်မလိုပါဘူး အဓိကစိတ်ဓာတ် ကြံ့ခိုင်ဖို့လိုတယ်၊ အိပ်ရေးဝဝအိပ်တယ် ၊ ဆေးရုံရောက်မှအနှံ့ပျောက်တယ် ၃ ရက်လောက် တော့ကြာတယ်၊ လူကတော့ပုံမှန်တိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ ကိုကြီးတွေလဲပါတာ ဆိုတော့ အားရှိတာပေါ့ ၊ ပျော်ပျော်ပဲ ၁၁ ရက်ကြာခဲ့တယ်၊ ကြက်ပေါင်းရည်တော့သောက်တယ် ထမင်းများများစားတယ် အနံ့ပျောက်လည်းစားတယ်၊ ဒါ့ကြောင့်လည်း မြန်မြန်သက်သာ လာတာပါ၊ ကိုဗစ် ကာကွယ်ဆေးထိုးထားတာကြောင့်လဲ ရောဂါဝေတနာ မခံစားရတာလည်း ပါတယ်၊ အခြားသော မိဘပြည်သူတွေကိုလည်း ပြောချင်တာက နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို ဦးစားပေးအလိုက်ထိုး ပေးနေတာဆိုတော့ ကိုဗစ်ဆေးကို ထိုးကြပါ ဒါမှလည်း ရောဂါကူးစက်ခံရရင်တောင် အမြန်ဆုံး ပျောက်ကင်းပြီး ကိုဗစ် ရောဂါလည်း ကာကွယ်ထိန်းချုပ်ရေး လုပ်နိုင်မှာဖြစ်ပါတယ်။

မနန္ဒာသင်း

ဗောဓိမြိုင်ကျေးရွာ၊ ဇေယျာသီရိမြို့နယ်

ကူးတာတော့ ဘယ်ကနေကူးတယ် ဆိုတာမသိဘူး၊ ဖျားပြီးအနံ့ ပျောက်သွားတာ၊ စစ်တာ ကတော့ ဒီကရာအိမ်မှူးတွေနဲ့ချိတ်ပြီး မြို့နယ်ဆေးရုံကိုသွားစစ်ရတာ၊ စစ်တော့ positive ပဲလေ အနံ့ပျောက်နေတာကို ၊ ကိုဗစ် တတိယလှိုင်းမှာ အောက်ဆီဂျင်ကျတာတွေ online ပေါ်မှာတွေ့နေရတော့ ကြောက်မိတာပေါ့၊ ကြောက်လွန်းအားကြီးပြီး တစ်ခါတစ်ခါ အသက်ရှူတွေတောင် ကြပ်လာတယ်၊ စိတ်ကအရေးကြီးတယ်နော် စိတ်ခိုင်ခိုင်ထားပြီး ရင်ဆိုင် လိုက်တော့ ခုလိုပြန်ပြီး နေကောင်းလာတာပါ၊ ဖြစ်နေတုန်းကတော့ အများဆုံး လုပ်ဖြစ်တာက အသက်ရှုလေ့ကျင့်ခန်းပါ၊ ကာကွယ်ဆေးကမထိုးရသေးဘူး မထိုးထားလို့ပို ကြောက်တာပါ၊ ခုတော့ ကာကွယ်ဆေးတွေ ရပ်ကွက်/ကျေးရွာတွေမှာ ဦးစားပေးအစီစဉ် လိုက်ထိုးပေးနေတော့ ကိုယ့်အလှည့်ကျရင် သွားထိုးမှာပါ၊ တစ်ခြားပြည်သူတွေကိုလည်း ထိုးကြပါလို့ တိုက်တွန်း လိုပါတယ်။

မြို့နယ်(ပြန်/ဆက်)