ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင် ဦးဆောင်၍ တွဲဖက်ဌာနတာဝန်ခံများနှင့် ဝန်ထမ်း များက မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလမ်းမကြီးတွင် ယနေ့ နံနက်ပိုင်းမှ စ၍ စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖွံဖြိုးရေးလမ်းမကြီးမှာ မြို့နယ်အတွင်းရှိ ဦးထွန်းအို ရပ်ကွက်၊ ပန်းပင်ချောင်ရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်နှင့် ချောင်းဝိုင်းလေးရပ်ကွက်များသို့ သွားရောက်ရသော လမ်းဖြစ်ပြီး၊ သန့်ရှင်းရေးဆောင်ရွက်ရာတွင် လမ်းမကြီး လမ်းဘေး ဝဲ/ယာရှိ ချုံနွယ်ပင်များ၊ မြက်ရိုင်းများ၊ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့အား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)