ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း(၂)ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေပြီဖြစ် သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ပေါ့ဆ၍ မရကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ပဲခူး အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီး ချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ကျောင်းသား/သူများ စာသင်နှစ်(၁)နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac စတင်ထိုးနှံပေးတော့မည်ဖြစ်၍ စာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ပြင်ဆင်ခြင်းနှင့် ပိုးသတ်ဆေးဖြန်း ခြင်းအား ကြိုတင်ဆောင်ရွက်ထားရန်၊ ကာကွယ်ဆေးထိုးစုရပ်များအား လုံခြုံရေး အမြင်ဖြင့် ဆောင်ရွက်သွားရန်၊ ကျောင်းသား/သူ ကလေးငယ်များ ကာကွယ်ဆေးမထိုးမီ မုန့်၊ အအေးနှင့် ကောက်ညှင်းပေါင်းများ အခမဲ့ဖြန့်ဝေပေးနိုင်ရေး မြို့နယ်အလိုက် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ အနေဖြင့် မြို့နယ်အလိုက် ဆရာ/ဒကာ ကျောင်းများ ဆွမ်းနှင့်ဆွမ်းဟင်း ပြည့်စုံမှုရှိစေရေး သွားရောက်ထောက်ပံ့လှူဒါန်းကြရန်၊ ပဲခူးတိုင်းဒေသကြီးသည်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှု အများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း(၅)ရာခိုင်နှုန်း အောက် (၂)ရာခိုင်နှုန်း ခန့်အထိ ရက်သတ္တပတ်(၂) ပတ်ကျော် အထိ ရောက်ရှိကျဆင်း နေပြီဖြစ် သော်လည်း ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရန် ပြောကြား ခဲ့သည်။

ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ အခြေခံလူတန်းစား အိမ်ထောင်စုများ ထောက်ပံ့ပေးရေး၊ Stay at Home သတ်မှတ်မြို့နယ်များ ဖြေလျော့ပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟမှ Stay at Home ဆိုင်ရာ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးမှ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့်အစီအမံကိုလည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးက အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ ကို လည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် သီးခြားလိုအပ်ချက်များကို လည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အကြံပြုချက် များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဝဏ္ဏမောင်