မော်လမြိုင် အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီ က ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်မိန့်ခွန်းပြော ကြားပြီး အဘိုး၊အဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ရှိခိုးကန်တော့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက အဘိုး၊ အဘွားများအား ဂါရဝလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး အဘိုး၊ အဘွားတစ်ဦးဆီက ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးသည်။
ထောက်ပံ့ပေးအပ်ရာ၌ မွန်ပြည်နယ်အတွင်းရှိ သက်ကြီး ဘိုး၊ဘွား ၁၆၅ ဦးနှင့်အသက် အကြီးဆုံး ဘိုး၊ ဘွား ၂ ဦး စုစုပေါင်း (၁၆၇)ဦးတို့အတွက် ငွေကျပ် ၈၇၀၀၀၀၀သိန်းနှင့် ကြက်ခြေနီမှ ငွေကျပ်၂၁၇၁၀၀၀ တန်ဖိုးရှိ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၀၈၇၁၀၀၀ ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။
ဇာဖြူဝင်း