အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း၌ (အခမဲ့) ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ကုသမည်

လှည်းကူး အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတ အသင်း (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ကုသပေးသွားမည် ဖြစ်ကြောင်း အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်း ဦးဆောင်(ကျေးလက်ကြယ်တစ်ပွင့်) ဆရာတော်ထံက သိရှိရသည်။

ဆေးကုသမှုပြုလုပ်ပေးရာတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ စုစုပေါင်း(၂)ကြိမ် ကုသပေးသွားမည်ဖြစ်ပြီး အပတ်စဉ်စနေနေ့တိုင်း (အခမဲ့) ကုသသွားပေးသွားမည် ဖြစ်သည်။

အဆိုပါ (အခမဲ့) ဆေးကုသပေးခြင်းကို ယခုလ ၂ ရက်နေ့ စနေနေ့မှစတင်ပြီး ရှမ်းရွာကျေးရွာရှိ အဖြူ ရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း၌ အထွေထွေရောဂါကု ဆရာဝန်များက လူနာများကို ကုသပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသည်များကို  ဦးဆောင်ဆရာတော်ဖုန်း ၀၉-၇၉၅၄၇၂၇၇၄ နှင့် အသင်းရုံးဖုန်း ၀၉-၇၇၇၇၃၈၃၆၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မည်သူမဆို အခမဲ့ လာရောက်စာရင်းပေးကုသနိုင်ကြောင်း သိရှိရသည်။

ကျော်ကျော်