စဉ့်ကိုင်မြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (၁၃၀၅၀) ဦး ထိုးနှံပြီးဖြစ်

စဉ့်ကိုင်     အောက်တိုဘာ   ၁၆

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) ပလိပ်တိုက်နယ် ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်း အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါ၀င်ကူညီမှုဖြင့် ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့်  ပူးပေါင်းပြီးပြည်သူများလိုက်နာစေရန်၊  အသံချဲ့ စက်များ၊  Hand  Spaker ဖြင့်  လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာ များအတွင်း  ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တရ စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု  ရှိ / မရှိ စစ်ဆေးခြင်း ၊ အသက် (၁၂) နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသွားကြရန်နှင့် မိဘများက ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြပါရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်)