သံတောင်ကြီး အောက်တိုဘာ ၁၆
မေး - ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ အခြေခံပညာကျောင်းတွေ ဘယ်လောက် ရှိပါသလဲရှင့်။
ဖြေ - ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အ.ထ.က (၁၃)ကျောင်း ၊ အထက(ခွဲ) (၁) ကျောင်း ၊ အ.လ.က (၁၅)ကျောင်း၊ အ.လ.က (ခွဲ) (၁၆)ကျောင်း မူလွန်(၂၆) ကျောင်း၊ အမက (၁၇၈) ကျောင်း၊အမက(ခွဲ)(၁၁) ကျောင်း စုစုပေါင်းကျောင်း (၂၆၀) ကျောင်း ရှိပါတယ်။
မေး - အသက် (၁၂) နှစ်နဲ့ အထက်ကျောင်းသူ/ကျောင်းသားတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်တွေ ဆောင်ရွက်ထားမှု အခြေအနေ သိပါရစေရှင့်။
ဖြေ - ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အသက် (၁၂) နှစ်အောက် ကျောင်းသူ ကျောင်းသား (၈၇၂) ဦး ရှိပါတယ်။ အသက် (၁၂) နှစ်အထက် ကျောင်းသား / ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆေး ထိုးမည့် စုရပ် (၅) နေရာစီစဉ် ထားပါတယ်။ (၁) အ.ထ.က-သပြေညွန့်(၂) အ.ထ.က (ဘုရင့်နောင်) ၊ (၃) အ.ထ.က(လိပ်သို) ၊ (၄) အ.လ.က (မိတ်သလင်တောင်) ၊ (၅) အ.လ.က(ဗောဓိကုန်း) ဖြစ်ပါတယ်ရှင့်။
မေး - ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား /ကျောင်းသူတွေရဲ့ မိဘတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ သိပါရစေရှင့်။
ဖြေ - ကျောင်းသူကျောင်းသားများ ကာကွယ်ဆေး ထိုးမယ်ဆိုရင် အုပ်ထိန်းသူ / မိဘသဘော တူညီချက်ရမှသာ ကျောင်းသူကျောင်းသားများ ကာကွယ်ဆေး ထိုးမည်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်ရာ မိဘ/ဆရာ ကျောင်းသား အားလုံး ပါဝင်ပူးပေါင်းမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
မြို့နယ်(ပြန်/ဆက်)