မြန်အောင် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါတွင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဇနီးဒေါ်သင်းလှိုင်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြန်အောင်မြို့ ကြာနီကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တ ဣန္ဒာသဘနှင့်မြို့နယ်သံဃနာယက ဆရာတော် (၇) ပါးတို့အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်များကပ်လှူဒါန်းပူဇော်၍ ကြာနီကန်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တ ဣန္ဒာသဘထံမှ ငါးပါးသီ လ ခံယူဆောက်တည်ပြီး ရေစက်ချ တရားနာယူခဲ့ကြသည်။
ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဇနီးဒေါ်သင်းလှိုင်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက ဝါဆိုသံဃာနှင့်သီလရှင်ဆရာလေး (၁၁၅)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းများလောင်းလှူ၍ လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို စုပေါင်းဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်