ကျောက်ဖြူ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိသည့်ဆေးထိုးရန်အကျုံးဝင်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှ ဝန် ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဒုတိယအကြိမ် မြောက် ဆက်လက်ထိုးနှံပေးကြောင်းသိရသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်း မှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်းများအခမဲ့ဝေငှပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း များကို ဆောင်ရွက်ပေးပြီး ၎င်း IDPs Camp မှ Volunteer လူငယ်များကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများ ကိုထိုးနှံပေးသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင် ကျော်နှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများက ကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါခိုလှုံရာစခန်းတွင် အသက် ၆၅ နှစ်အထက်ရှိပြည်သူများကို ကိုဗစ် ၁၉ ရောဂါကာကွယ် ဆေးအား သတ်မှတ်နေ့ရက်များအလိုက် ထိုးနှံပေးထားပြီးဖြစ်သည်။
အလားတူ အသက် ၁၈ နှစ်အထက် ရှိ ကာကွယ်ဆေးထိုးရန်အကျုံးဝင်သူများကို စက်တင်ဘာလ ၁၇ ရက်နေ့က ပထမအကြိမ်ထိုးနှံပေးရာ တွင် ၎င်းစခန်းနေပြည်သူ ၃၃၄ ဦးအား ထိုးနှံပေးထားပြီးဖြစ်ကာ ယခုအခါတွင် ဒုတိယအကြိမ်မြောက် ပြန်လည် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိ ရသည်။
တင်ထွန်းဦး