မွန်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး မော်လမြိုင် လေဆိပ်အဆင့် မြှင့်တင်ဆောင်ရွက်

မော်လမြိုင် အောက်တိုဘာ ၁၆

မွန်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာနှင့်အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးတို့ရည်ရွယ်၍ကိုဗစ်-  ၁၉ အလွန်ကာလလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင် လေဆိပ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ နှင့်အတူမော်လမြိုင်လေဆိပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ ဌာန လုပ်ငန်းရည်မှန်းချက်တာဝန်များကို တိကျစွာလိုက်နာဆောင်ရွက်၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလေယာဉ်ကွင်း အဆင့်မြှင့်တင်ရန် ဆောင်ရွက်ထားရှိရေး၊လေဆိပ် ပုရဝုဏ် သန့်ရှင်းသာယာလှပစေရေး၊ လေယာဉ်ကွင်း ပြေးလမ်းများ လုံခြုံမှုရှိစေရေးနှင့် ​ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး မော်လမြိုင်လေဆိပ်တွင် လေယာဉ်ပြေးဆွဲဆောင်ရွက်နိုင်မှု ၊ လေဆိပ် အဆင်မြှင့်တင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်တွင် ​ပြည်တွင်း၊ပြည်ပခရီးသွားပြည်သူများစိတ်ဝင်စားစရာတန်ခိုးကြီးဘုရားများနှင့်   အပန်းဖြေစရာ နေရာများစွာရှိပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ မှခရီးသွား ပြည်သူ များစွာ ဝင်ရောက်လျက်ရှိရာ  ကိုဗစ်- ၁၉ အလွန်ကာလ တွင်ပြည်ပခရီးသွားဧည့်သည်များ လာရောက် နိုင်ရေးအတွက် မော်လမြိုင်လေဆိပ်အား အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)