မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ   အောက်တိုဘာ    ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြဝင်း ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးသူဇာလှ ၊ ဦးစီးအရာရှိ ဦးသူရရှိန်၊ ဦးစီးအရာရှိ ဒေါ်အေးဆုမွန်(နည်းပညာ)တို့မှ ခရိုင် ဌာနတွင်း စစ်ဆေးရေးအဖွဲ့နှင့်အတူ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကွဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာမြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)၊ ကျေးလက် ရေရရှိရေး လုပ်ငန်းများနှင့် စာရင်းဇယားများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)