လောင်းလုံး အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် Community Positive Center နှင့် Trement Centerများ မှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗထူးခန်းမ၌ ကျင်းပပြု လုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခင်ဖြိုးဝေက ထောက်ပံ့ငွေများပေးအပ်ရ ခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေများကို လောင်းလုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေး မှူးဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ ဗိုလ်မှူးရဲ မင်းထွန်း ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး၊ ဒေါ်ခင်ဖြိုးဝေနှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်စုများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာနဘတ်ဂျက်ရန် ပုံငွေဖြင့်ထောက်ပံ့ ငွေများပေးအပ် ခြင်းဖြစ်ပြီးCommunity Positive Center နှင့် Trement Centerများမှ ကိုယ်ဝန်ဆောင် မိခင်များ၊ အသက်( ၅)နှစ်အောက်ကလေးများ၊ အသက်( ၆၀)နှင့်အထက် သက်ကြီးရွယ် အိုများနှင့် မသန်စွမ်းသူဦးရေပေါင်း( ၁၄၀)ဦး ရှိပြီး ထောက်ပံ့ကြေးခံစားလျှက်ရှိသည့် တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၄၂၀၀၀၀၀) ကျပ်အား အားပေးအပ်သွား မည်ဖြစ်ကြောင်းသိရရှိသည်။
သိန်းသိန်း(လောင်းလုံး)