မောင်တော အောက်တိုဘာ ၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်း လာ ပြည်သူများအား အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန်က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ပေး ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့မတောင်ရပ်ကွက်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများထဲမှ လာရောက်စစ်ဆေးခံယူသူ စုစုပေါင်း (၄၂) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှ ဘူးသီးတောင်မြို့နေသူ အမျိုးသား တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး သီးသန့်ယာဉ်ဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူ လျက်ရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိ ရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)