သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၈၈၇၉) ဦး ရှိပြီဖြစ်

 

 

သရက်     အောက်တိုဘာ  ၂

 

မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် (၈၈၇၉) ဦးအား ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိသာသနာ့ဗိမာန်တော်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုးရှိ/မရှိ စစ်ဆေး ခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကူညီဆောင်ရွက်ပေး လျက်ရှိသည်။ သရက်မြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂၃၀၀ လုံး ထပ်မံရရှိထားပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၁၁၅၀၀ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း၊  အောက်တိုဘာ ၁ ရက်နေ့အထိ မြို့နယ်အတွင်းမှ လူဦးရေ (၈၈၇၉) ဦး အား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 

 

ဇော်ဝမ်းထွန်း (အောင်လံ)