ညောင်ဦး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများမြန်ဆန်သွက်လက်၍ ပြည်သူများလာရောက်ထိုးနှံမှုအချိန်ကုန်သက်သာစေ ရန်နှင့်ခရီးစရိတ်သက်သာစေရန် အောက်တိုဘာ ၂ရက်နေ့မှစတင်ပြီး ကာကွယ်ဆေးထိုး စုရပ်များကျေးရွာများထိဖြန့်ကျက်ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ပထမအကြိမ်ထိုး နှံခြင်းအား ဇူလိုင် ၃၁ရက်နေ့ကစတင်ထိုးနှံပေးခဲ့ရာ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံခြင်းအား ၁၁၃၄၅ ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ထံကသိရသည်။
ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့၊ ရွှေ စည်းခုံစေတီတော်ကြီး ဝတ္တကနယ်မြေ ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင်လည်းကောင်း၊ ပုဂံမြို့အခြေခံပညာအထန်းတန်းကျောင်းတွင်လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ် ပြည်သူ့ဆေးရုံကြီးနှင့်တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်းတို့တွင်စတင်ထိုးနှံ ပေးလျှက်ရှိကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ဆေးခွဲတမ်း ၃၅၉၈ လုံးရရှိပြီး လူဦးရေ ၁၇၉၉၀ဦးထိုးနှံပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ ပသထမအကြိမ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးပေးခြင်း အား အသက် ၆၅နှစ်အထက်အဘိုးအဘွားများ၊ ရဟန်း/သံဃာများ၊နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်းအား အသက် ၅၅နှစ်မှ ၅၉နှစ်အတွင်းနှင့်အသက် ၆၀နှစ်မှအသက် ၆၉နှစ်အထက်သက်ကြီး အဘိုးအဘွားများအားကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိကြောင်းသိရကာ စက်တင်ဘာ ၂၂ရက်မှစတင်ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ၁၂၀၀၀ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ မြန်ဆန်သွက် လက်ပြီး ကျေးရွာများအရောက်ထိုးနှံပေးနိုင်ရေး နယ်လှည့်ကွင်းဆင်းကာကွယ်ဆေးထိုး လုပ်ငန်းများတိုးချဲ့တိုးနှံပေးလျှက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ ဂန့်ဂါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ဖလန်ကန်)၊အခြေခံပညာအထက် တန်းကျောင်း-ခွဲ(ကူရွာ)၊ အောက်ညဉ့်ကျေးရွာများတွင်တိုးချဲ့ထိုးနှံပေးလျှက်ရှိကြောင်း သိရပြီး အခြားကျေးရွာများကိုလည်းနယ်လှည့်ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်းသိရ သည်။
ကိုထိန်၊KPD