ရွှေဘို အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို ယမန်နေ့ ညနေပိုင်းက အမှုပိတ်သိမ်း၍ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လွှတ်ခဲ့သော အကျဉ်းသား/သူများမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၁.၈.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၇၂/၂၀၂၁၊ အပိုဒ်-၂ အရ ရွှေဘိုအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားရှိသော ရွှေဘိုခရိုင်အတွင်း ရှိ ခရိုင် / မြို့နယ်တရားရုံးများတွင် ပြစ်မှု တစ်ခုခုဖြင့် တရားစွဲဆိုခံထားရပြီး ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ထောင်ဝင်အမှတ် ရဘ/၂၀/၀၀၀၂၆/ခ မောင်မျိုး ၃၇ နှစ်(ဘ)ဦးအောင်ငြိမ်း၊ တောင်ကြီးရွာသစ် ကုန်း ကျေးရွာ၊ ရေကြည်မြို့နယ်(ရွှေဘိုခရိုင်တရားရုံး၊ ရာဇဝတ်ကြီးအမှုအမှတ် ၁၄/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂)ပါ အချုပ်သားတရားခံ ၇၉ ဦး၊ အချုပ်သူတရားခံ ၅ ဦး စုစုပေါင်း ၈၄ ဦး ဖြစ်ကြောင်းသိရသည်။
ထိုသို့ ပြန်လွှတ်ခဲ့သော အကျဉ်းသား/သူများကို ရွှေဘိုအကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအေး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မာမာဌေးနှင့် တာဝန်ရှိသူများမှ တွေ့ဆုံ ဆုံးမစကားပြောကြားခဲ့ပြီး ရွှေဘိုအကျဉ်းထောင်အပြင်ဘက်ရှိ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ သည်။
ခရိုင်(ပြန်/ဆက်)