မူဆယ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၌ ကိုဗစ်-၁၉ ကုသရေးစင်တာခုတင် (၁၀၀၀) ဖွင့်ပွဲကိုယမန်နေ့နေ့လယ် (၂)နာရီအချိန်ကကျင်းပသည်။
အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး(Test Force) ကော်မတီဉက္ကဌ ဦးအောင်ဇော်မိုး၊ ဒုတိယဗိုလ်မှူးကြီး ဇေယျာလင်း၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ညွန်ကြားရေးမှူးဦးစိန်ဝင်း၊ အကောက်ခွန် ညွှန်ကြားရေးမှူး ဦးစိုးညွှန့်အောင်၊ OHC စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်၊ နယူစတားလိုက် ဆောက်လုပ်ရေးကုမ္မဏီ ဒါရိုက်တာဦးဝင်းနိုင်၊ဆေးရုံအုပ်ကြီးဒေါက်တာဟန်နိုင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
အခမ်းအနားတွင် ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး(မူဆယ်) ခရိုင်အဆင့် (Task Force) လုပ်ငန်းအဖွဲ့ဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး ကအဖွင့်အမှာစကား ပြောကြားရာ တွင် “ကျွန်တော်တို့မူဆယ်ခရိုင်အနေနဲ့ ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှု အဖြစ် ဒေသတစ်ခုလုံးကာကွယ်ဆေးထိုးနှံနိုင်ရေးကို ကြိုးစားဆောင်ရွက်ပေးလျှက် ရှိပါတယ်။ ယခုအခါမှာ တရုတ် နိုင်ငံ၏ အကူအညီအထောက်အပံ့နဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသနဲ့ ထိစပ်နေတဲ့ မူဆယ်၊ မုံးကိုး၊ ပန်ဆိုင်း(ကြူကုတ်)၊ မန့်ဟီးရိုး၊နမ့်ခမ်းဒေသများမှာ စက်တင်ဘာ(၁၀)ရက်နေ့မှ(၃၀)ရက်နေ့ အထိ လူဦးရေ(၆၈၈၀၃)ဦးထိုးနှံပေးပြီးဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကျေးရွာဒေသများရှိ ပြည်သူ များနှင့် ဆေးထိုးလိုတဲ့ ပြည်သူအားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်တော့မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး နှံခြင်းဟာ ကုန်သွယ်မှု ပြန်လည်စတင်ဖို့ အတွက် ပထမအဆင့်ဖြစ်တယ်ဆိုရင် ဒီနေ့ဖွင့်လှစ်တဲ့ ခုတင် (၁၀၀၀)ဆံ့ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာဟာ ဒုတိယအဆင့်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့အစိုးရရဲ့ အကူအညီ တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များရဲ့ ပံ့ပိုးကူညီဆောင်ရွက်မှု၊ အကောင် အထည်ဖော်ဖို့ ကြိုးစားပေးကြတဲ့သူ အားလုံးရဲ့ စေတနာ၊ ခုတင်(၁၀၀၀)ဆုံ ကုသရေးစင်တာ ပြုလုပ်နိုင်ရေး အသုံးပြုခွင့်ပေးတဲ့ အရှေ့မြောက်တံခါးသစ်သီးပွဲရုံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ (၁၀၅) မိုင် ခုတင်(၁၀၀၀)ကုသရေးစင်တာဟာ အဆင့်မှီတဲ့ ကုသရေးစင်တာတစ်ခုဖြစ်တယ်ဆိုတာမြင်တွေ့ ရမှာဖြစ်ပါကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့ အစိုးရ၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာလျှိုယိဖုန့်က Video Confrancing Online စနစ်ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်ခွဲ၊ ရွှေလီမြို့ ပြည်သူ့အစိုးရကိုယ်စားနယူး စတားလိုက်ဆောင်လုပ်ရေးကုမ္မဏီ လီမီတက်စီမံကိန်း ဒါရိုက်တာ ဦးဝင်းပိုင်က ခုတင်(၁၀၀၀)ဆံ့ကုသရေးစင်တာနှင့်ပတ်သတ်သည့် စာရွက်စာတမ်းအထောက် အထားများအား ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိန်ဝင်ထံ လွှဲပြောင်းပေးအပ်သည်။ မူဆယ်(၁၀၅)မိုင်ခုတင်(၁၀၀၀)ဆံ့ကုသရေးစင်တာမှာ ကျန်းမာရေး အပိုင်းကို ကုသစောင့်ရှောက်ဖို့ ဆရာဝန်(၂)ဦး၊သူနာပြု(၇)ဦး နှင့်စေတနာဝန်ထမ်းများ(၄၀)ဦးတို့က တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
(အယ်လ်စိုး)