ခေါင်လန်ဖူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်

ခေါင်လန်ဖူး အောက်တိုဘာ ၂

 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင်  လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အောက်တိုဘာ (၁)ရက်နေ့တွင် ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်(၁) အုပ်ချုပ် ရေးမှူးရုံး၌    နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။

         

 မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ၀န် ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများကို (၁၀)နှစ်နှင့်အထက်ရှိသူများအား  နိုင်ငံသား စိစစ်ရေစကတ်ပြားများထုတ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်၊ (၃၀)နှစ်ပြည့်၊  (၄၅)နှစ်ပြည့် ကဒ်များကို လဲလှယ်ပေး ခြင်းများကိုကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး    ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းရန်ကျန်ရှိသည့် ကျေးရွာအုပ်စု များကိုလည်းဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)