ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၆၇၀)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့

ဂန့်ဂေါ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုး၊ အဘွားများအား ယနေ့နံနက် နာရီက လူမှုရေးပင်စင်ကို ဘိုးဘွားများ၏ နေအိမ်သို့သွား၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) များအတွက် အဘိုးအဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၇)အုပ်စုမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား(၆၇၀)ဦးတို့အတွက် ငွေကျပ်(၂၀၁၀၀၀၀၀/-) အား  ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါလူမှုရေးပင်စင်များအား မြို့ပေါ်ရပ်ကွက်ရှိ လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် အဘိုး အဘွားများထံသို့ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာများရှိ အဘိုးအဘွားများအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)