ရမ်းဗြဲ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask များ အခမဲ့ဖြန့်ဝေပေးနှင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရမ်းဗြဲ အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်နှင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများတွင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်ကြရာတွင် ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ နေအိမ်အပြင်ပ ထွက်ခွာသွားလာကြသည့်အခါတိုင်း Mask ကို    စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ဟောင်းနွမ်းနေသည့် Mask များကို ပြန်လည်အသုံးမပြုကြရန်၊ တစ်ခါသုံး ပစ္စည်းများနှင့် အသုံးပြုပြီး Maskများကို စနစ်တကျ စွန့်ပြစ်ကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ မိမိကစ ကာကွယ်ပါ စသည့်တို့ကို အသိပညာပေး ဆောင်ရွက်ကြပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီးနောက် MasK (၂၀၀)ခု အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

အောင်နို်င (ပြန်/ဆက်)