ဟင်္သာတမြို့နယ်နေ ပြည်သူများအား “ပန်းခင်း” စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

ဟင်္သာတ  အောက်တိုဘာ  ၃

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၈ က ဟင်္သာတမြို့ ကုန်းကြီး အုပ်စု အလက ( ရွာသာကုန်း)ကျောင်းတွင်  မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်တွင်း ကျေးရွာအုပ်စုများသို့ အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့်  မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ရပ်ကွက်အလိုက် ကျေးရွာအုပ်စု တိုက်နယ်များ အလိုက်သတ်မှတ်စုရပ်များ တွင် ဆက်တိုက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး၊ ယနေ့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ  ကျား ၉၃ ဦး၊ မ ၁၁၈ ဦး စုစုပေါင်း ၂၁၁ ဦးဆောင်ရွက်ပေးနိုင်ခဲ့ပြီး  ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)