မအူပင် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မအူပင်မြို့ပေါ်ရှိရပ်ကွက်များသို့ ယမန်နေ့ ညနေ ၄ နာရီတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။
အဆိုပါလှည့်လည် အသိပညာပေး နှိုးဆော်ကြေညာရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း ရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးခြင်းကို မြို့ပေါ်လူစည်ကားရာ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၊ ဘုရားလမ်းနှင့်တေဇလမ်းထောင့်၊ ဘုရားအနောက်၊ ဘုရားလမ်းဆုံထိပ် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ ရေလဲလမ်း၊ ဗောဓိတန်ဆောင်းရှေ့၊ ကမ်းနားလမ်း၅လမ်းထိပ်၊ E.P.C ထိပ်၊ စိမ်းမြကန်သာထိပ်တလျောက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ကြေညာ ခဲ့ကြကြောင်းနှင့် ကျေးရွာများအထိ အသိပေးကြေညာလျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်(မအူပင်)