မိုင်းလုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာ ပရဟိတအသင်းထံ အလှူရှင်များက အောက်စီဂျင်အိုး(၉)လုံး ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် မိုင်းလုံမြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးတွင် အသုံးပြုရန် စုစုပေါင်း တန်ဖိုးငွေကျပ်(၁၄၄၀၀၀၀/-) (တစ်ဆယ့်လေးသိန်းလေးသောင်း) တန်ဖိုးရှိ အောက်စီဂျင် အိုး(၉)လုံးကို ရှင်းမွန် ဖောင်ဒေးရှင်း ( ရှင်းမွန် ဖိနပ်ဆိုင်) (မန္တလေးမြို့)မှ (၅)လုံး၊ မိုင်းလုံမြို့သူ/မြို့သားများမှ (၂)လုံး၊ ဦးမြမောင် မိသားစု (စျေးရပ်ကွက်)မှ (၁)လုံး၊ဒေါ်မာဒဝါဒေးဝီ (မေခနာလ်)နှင့် Daw Yay Hsu Tharr အရှေ့ရွာ(မိုးကုတ်မြို့)မှ (၁)လုံး စုစုပေါင်းအောက်စီဂျင်အိုး(၉)လုံး တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများ လာသည့်အတွက် အောက်စီဂျင်အိုးလိုအပ်နှုန်းလည်း တိုးလာ၍ လက်ရှိလိုအပ်သောအချိန်တွင် လှူဒါန်းသောကြောင့် မိုင်းလုံမြို့ကိုယ်စား အလှူရှင်များအား အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဇော်ဇော်(ပြန်/ဆက်)