သတင်းများ

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျောကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများ ကိုကျေးရွာများအရောက်ဆောင်ရွက်လျက်ရှိ
Oct 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် သာမက မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်၊ ထိန်ကျွန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ထိန်ကျွန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၆ဦးထပ်မံတွေ့ရှိ
Oct 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌Pilot Project အစီအစဉ်အရ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်၊ စေတနာမွန်၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ကံကြီကျေးရွာအုပ်စုတွင် လူဦးရေ (၄၄)ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခဲ့ရာ (၁၆)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိအသက် (၁၈)နှစ်ပြည့်ပြီးဆေးထိုးနှံခွင့်ရှိသည့် အလွှာအသီးသီးမှပြည်သူများအားကာကွယ်ဆေးထိုးနှံ
Oct 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်သူ့ဆေးရုံ၊ ဟိုတိကျေးလက် ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ မိုင်းဟမန်မုံတိုက်နယ်ဆေးရုံများတွင် ယမန်နေ့ နံနက်(၁၀)နာရီက စတင်ပြီးထိုးနှံပေးလျက်ရှိ ပါသည်။
ဓနုဖြူမြို့နယ်တွင် People's Oxygen (ပြည်သူ့အောက်ဆီဂျင်) စက်ရုံဖွင့်ပွဲကျင်းပ
Oct 04,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊အမှတ်(၁၀)ရပ်ကွက်၊မြို့ပတ်လမ်းတွင်တည်ရှိသောPeople'sOxygen(ပြည်သူ့အောက်ဆီဂျင်)စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လည်(၁)နာရီ အချိန်ကကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်း
Oct 04,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းနှင့် စားသောက်ဖွယ်ရာများ အဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ပဲနှင့် ဆားများအား လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ကျပ် (၃၉၀၀) နှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 04,2021
မြင်းခြံခရိုင်အတွင်းရှိ စားသုံးသူများ စားသုံးဆီ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရန် အတွက် မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ စားသုံးဆီ တစ်ပိဿာလျှင် ကျပ် (၃၉၀၀) နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။