မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာ

မိုင်းယောင်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ အတည်ပြုလူနာ ၅၆၅ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၃၉၃ ဦး၊ သုံးဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၆၉ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့နေအိမ်တွင် ခုနစ်ရက်ကြာ အသွားအလာ ကန့်သတ် နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ကြရမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း