ကံမ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် အလူရှင်စေတနာရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုမှာ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး (၈၀)လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)