မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

အထက်မင်းလှ  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် နာရီ က မင်းလှမြို့အဝင်တြိဂံလမ်းစုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊          ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်              အသိပညာပေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)