တံတားဦး အောက်တိုဘာ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်သူများအား RDT Test Kitဖြင့် စမ်းသပ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ပေါင်း(၄၅၇)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပေါင်း(၃၆၈)ဦးရှိကြောင်း သိရသည်။
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်များမှာ တံတားဦးမြို့နယ် သပြေကန်ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် တပယ်ကျေးရွာမှ အမျိုးသား(၁)ဦးတို့မှ ရောဂါပိုးတွေ့ရှိခြင်းကြောင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
တံတားဦးမြို့နယ်အတွင်း ဇူလိုင်လ(၂)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသား(၁၉၅)ဦး၊ အမျိုးသမီး (၂၆၂)ဦး စုစုပေါင်း(၄၅၇)ဦးရှိကာ သေဆုံးသူ အမျိုးသား(၃၃)ဦး၊ အမျိုးသမီး (၄၅)ဦး၊ စုစုပေါင်း(၇၈)ဦးရှိကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ အမျိုးသား(၁၅၇)ဦး အမျိုးသမီး(၂၁၁)ဦး စုစုပေါင်း(၃၆၈)ဦးရှိပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ အမျိုးသား(၅)ဦး၊ အမျိုးသအမီး(၆)ဦး၊ လူနာစုစုပေါင်း(၁၁)ဦး ရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး)