ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram ကိုအသက်၁၈နှစ် မှအသက် ၆၅နှစ်ကြားပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ပင်လောင်း    အောက်တိုဘာ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့်စက်ရုံ၊ အလုပ်ရုံများမှ အသက်၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက်ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း ကပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင်တွင် ပြည်သူ များအားဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ပင်လောင်းမြို့နယ်အတွင်းသတ်မှတ်ဆေးထိုးစုရပ်များအပြင် ကျေးလက်နေပြည်သူများ ထံသို့အရောက်သွား၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ အစိုးရကျန်းမာရေး၀န်ထမ်း ၇ ဦး၊ စေတနာ/ပရဟိတ ၀န်ထမ်းများ ၃၁ ဦး၊ ဘုန်းကြီး/သီလရှင် ကျောင်းနှင့်သာသနာ့၀န်ထမ်းများ ၁၀၆ ဦး၊ နိုင်ငံ့၀န်ထမ်းများ ၃၄၇ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ၀န်ထမ်းများ ၄၄၂ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၄၀ ဦး၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ ၁၃ ဦး၊ ပုဂ္ဂလိက ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှ ၂ ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ ၅၆၇၉ ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ/လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်မှ ၀န်ထမ်းများ ၁၀၃ ဦး၊ မှီခိုသူများ ၈၁၀ ဦး၊ မသန်စွမ်းသူများ ၁၂ ဦး၊ အစိုးရမဟုတ် သောပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ၀န်ထမ်းများ ၂ ဦး၊ စုစုပေါင်း ၇၅၉၄ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်း မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှပြည်သူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

 

ထွန်းလင်း(ပင်လောင်း)