ကြံခင်းမြို့တွင် အသက်(၅၄)နှစ်မှ အသက်(၄၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေး

ကြံခင်း   အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက်(၅၄)နှစ်မှ အသက်(၄၅) နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ကြံခင်းမြို့ ရွှေပြည်အေး (၁၁)ထပ် ဘုရားကြီးဓမ္မာရုံစုရပ်တွင် ထိုးနှံပေးကြောင်းသိရသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုရှိ အသက်(၅၄)နှစ်မှ အသက်(၄၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ် စတင်ထိုးနှံသူ စုစုပေါင်း (၁၉၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ယခုကာကွယ်ဆေးထိုးနှံပြီးသော အသက်(၅၄)နှစ်မှ (၄၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (၃၁-၁၀-၂၀၂၁)ရက် နေ့တွင် (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကြပ် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်တွင် စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ကျမြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ပြည်သူအားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်စနစ်တကျ စာရင်းရေးသွင်းပြီး၊ အလှည့်ကျစနစ်ထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှတာဝန်ရှိ သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင် ရေးအတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၅)အုပ်စုရှိ အသက်(၅၄)နှစ်မှ (၄၅)နှစ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား မြို့နယ်ဌာနဆိုင်ရာစိစစ်ကြီးကြပ်အဖွဲ့များမှ စုရပ်အသီးသီးတွင် ကာကွယ်ဆေး(ပထမ)အကြိမ် စတင်ထိုးနှံပေးကြကြောင်း စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံကသိရသည်။

မြို့နယ်(ပြန်/ဆက်)