ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နေ မသန်စွမ်းမိသားစုများအား အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်း

ကော့သောင်း  အောက်တိုဘာ ၄

ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နေ မသန်စွမ်းသူများရှိသည့် အိမ်ထောင်စုများသို့ ရွေဝက်ဝံကုမ္ပဏီလီမီတက် မြို့ခံစေတနာရှင် ဦးကျော်လွင်၊ ဦးဌေးဝင်း(ခ)ဦးနောင်ပိန် မိသားစုက အခြေခံစားကုန်များအား ယနေ့နေ့ နံနက်(၈)နာရီက  လိုက်လံထောက်ပံ့ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်မှုတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဆင်ခြေဖုံးရပ်ကွက်များမှ ရပ်ကွက်နေ အခြေခံလူတန်းစား မသန်စွမ်းသူများရှိသည့် မိသားစုများ  ရောဂါထိန်းချုပ်မှုလုပ်ငန်းများ ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ကာ အခြေခံစားကုန်များများဖြစ်သည့် ဆန်၊ဆီ၊ငါးသေတ္တာ၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ်များ စသည့် အခြေခံစားကုန်များနှင့် အိမ်ထောင်စုတစ်စု လျှင်ထောက်ပံ့ ငွေ(၃၀၀၀၀)ကျပ်စီအား မသန်စွမ်းမိသားစု(၃၆)စုကို မြို့ပေါ်ရပ်ကွက်များအနှံ့အိမ်တိုင်ရာ ရောက် စနစ်တကျ လိုက်လံမျှဝေ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။         

ကျော်စိုး (ကော့သောင်း)