ကျိုက်မရောမြို့ တိုးချဲ့ဆေးရုံအသစ် RC နှစ်ထပ်ဆောင် တည်ဆောက်နေမှု ၉၅ ရာခိုင်နှုန်းပြီးစီး

ကျိုက်မရော အောက်တိုဘာ ၄

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ   ဒေသခံပြည်သူလူထုများ၏  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန် လူနာများနှင့် လူနာစောင့် မိသားစုများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန်အတွက် ကျိုက်မရောမြို့    ပြည့်သူ့ဆေးရုံကြီး အတွင်းရှိ တိုးချဲ့ဆေးရုံသစ် RC နှစ်ထပ်ဆောင် တည်ဆောက်နေမှု လုပ်ငန်းများ မကြာမီကာလအတွင်း ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်တော့မည် ဖြစ်သည်။

အဆိုပါ တိုးချဲ့ဆေးရုံ RC နှစ်ထပ်အဆောင်သစ်ကို ကျန်းမာရေး ဝန်ကြီးဌာန၏၂၀၁၉-၂၀၂၀ ပြည်ထောင်စု ဘတ်ချက်ဖြင့် ပထမနှစ်ခွင့်ပြုရန်ပုံငွေ (၁၅၄.၈)သန်း ၂၀၂၀-၂၀၂၁ခုနှစ် ဒုတိယနှစ် ခွင့်ပြုရန်ပုံငွေ (၂၃၂.၂)သန်းဖြင့် ကြယ်မြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးမှု ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)