ကျိုက်လတ် အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီပန်းခင်း စီမံချက်ဖြင့်ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဟူးကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက် ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၂)ဦး၊ မ(၄)ဦး ပေါင်း(၆)ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၂)ဦး၊ မ(၄)ဦး ပေါင်း(၆)ဦး၊၁ ၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၂၂)ဦး၊ မ(၁၆)ဦးပေါင်း(၃၈)ဦး၊ နှင့်နိုင်ငံသား စိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးမှု ကျား(၂၂)ဦး မ(၁၄)ဦး ပေါင်း(၃၆)ဦး၊ စုစုပေါင်း ကျား(၄၈) ဦး မ(၃၈) ဦး စုစုပေါင်း (၈၆)ဦး ထုတ်ပေးခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)