လိပ်သိုမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Oct 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ မောင်မိုးယံ ရေးသားသော “လူငယ်နှင့်အနာဂတ် ဘ၀မြှင့်တင်ရေးဆောင်းပါများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။