မင်္ဂလာဒုံ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးလျှက်ရှိ ရာမြို့နယ်အတွင်းရှိ အထိုင်တပ် (၂၅) တပ်မှ တပ်မတော်မိသားစုဝင် အိမ်ထောင်စု (၅၇၉) စုနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် နိုင်သားစိစစ်ရေး ကတ်ပြားပြု လုပ်သူ(ကျား) (၉၄၄)ဦး၊ (မ) (၁၀၅၅) ဦးစုစုပေါင်း (၁၉၉၉)ဦး တို့ကိုမ င်္ဂလာဒုံတပ်မတော် စစ်ဆေးရုံကြီး (ကုတင် ၁၀၀၀) တွင်အောက်တိုဘာ (၁၆)ရက်နေ့၌ အခမ်းအနားပြုလုပ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်သွားမည်ဟုသိရသည်။ မင်္ဂလာဒုံမြို့နယ် ၃/(က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြု လုပ်ရန်ကြိုတင်စာရင်းပေးထားသူ (၁၆၆)ဦးကိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုလဝကမှူး ဒေါ်ဇူဇန်နှင့်အဖွဲ့က ၃/(က)ရပ်ကွက်ဓမ္မာရုံတွင်ယမန်နေ့နံနက်(၁၀)နာရီကသတ်မှတ်ချက်နှင့် ကိုက်ညီသူ များကို အတည်ပြုပြီးစာရင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန် (၁၂)နှစ်ပြည့် (ကျား) (၂၀)ဦး၊ (မ)(၃၀)ဦး၊ (၁၈)နှစ်ပြည့် (ကျား)(၂၅)ဦး၊ (မ)(၄၁)ဦး၊ စုစုပေါင်း(၁၁၆)ဦးကို သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်၃/က ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းငြိမ်းနှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေးကတ်ပြား လာရောက်လုပ်ဆောင်သူများကို လက်ဆေးစေခြင်း၊ နှာခေါင်းစည်း မပါသူများကို နှာခေါင်းစည်း တပ်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပညာပေး နှိုးဆော်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်မျာအညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးသန့်(မင်္ဂလာဒုံ)