မိကျောင်းကိုက်ခံရ၍ သေဆုံးသူ၏ မိသားစုဝင်အတွက် ထောက်ပံ့ကြေးပေးအပ်

ဘိုကလေး အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာနေသူ(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အောက်တိုဘာ(၁၂)ရက်နေ့၌ ပဒဲကောကျေးရွာတစ်ဖက်ကမ်း မိန်းမလှကျွန်းတောရိုင်းတိရစာ္ဆန်ဘေးမဲ့တော ကမ်းဘေး တွင် ဝမ်းရေးအတွက် ဂဏန်းထောင်ရင်း မိကျောင်းကိုက်ချီခံရ၍ သေဆုံးခဲ့ရာ သေဆုံးသူ၏ မိသားစုဝင်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးသော်ထက်အောင်မှ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မိသားစုဝင်၏ လက်ဝယ်အရောက် ငွေကျပ်(၃)သိန်းထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် မိချောင်းကိုက်ခံရသူ(၃)ဦးရှိပြီ ဖြစ်ရာ (၂)ဦးမှာ သေဆုံးခဲ့ပြီး (၁)ဦးမှာ အသက်ရှင်လျက် ကျန်ရစ်ကာ ဆေးဝါးကုသခဲ့ရကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)