ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ၄၃၁၅၆ ဦး ထိုးနှံပြီးဖြစ်

ညောင်ဦး အောက်တိုဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တတိယအသုတ် ဒုတိယနေ့တွင် သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရ သည်။

ညောင်ဦးမြို့နယ်၌ တတိယအသုတ် ကာကွယ်ဆေး ထိုးနှံခြင်းအား ညောင်ဦးမြို့၊ ရွှေစည်းခုံ စေတီတော်ကြီး ဝတ္တက နယ်မြေ ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင်လည်းကောင်း၊ ပုဂံမြို့အခြေခံပညာ အထန်းတန်းကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဇင်းအခြေခံပညာ အထက်တန်းကျောင်းတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရပြီး ညောင်ဦးမြို့နယ်တွင် တတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ဆေး ခွဲတမ်း ၅၆၆၆ လုံးရရှိပြီး လူဦးရေ ၂၈၃၃၀ ဦး ထိုးနှံပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းအား အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ ရဟန်း၊ သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနိုင်ခဲ့ပြီး တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ဆေး ထိုးခြင်းအား အသက်  ၄၀ နှစ်မှ ၅၉ နှစ်အတွင်းနှင့် အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်အထက် သက်ကြီး အဘိုးအဘွားများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရကာ အောက်တိုဘာ ၁၅ ရက်မှ စတင်ပြီး တတိယသုတ် ဒုတိယနေ့ တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်လုံးထိုးနှံပြီးသူ ၄၃၁၅၆ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ၁၆၆၅ ဦး ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံကြပြီး ယနေ့တွင်လည်း သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကိုထိန်၊ KPD