ဘီးလင်းမြို့နယ်လုံးဆိုင်ရာဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများတွင်သီတင်းသုံးလျှက်ရှိသောသံဃာတော်များ၊ သီလရှင်များအတွက် ဆန်၊ ဆီလှူဒါန်းငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ဘီးလင်း အောက်တိုဘာ ၁၆

သထုံခရိုင် ဘီးလင်းမြို့နယ်၌ ကိုဗစ် - ၁၉ ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများရှိဆရာတော်၊သံဃာတော်များ သီလရှင်ဆရာလေးများ ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များ အခက်အခဲမရှိစေရန်အတွက် ဆန်၊ဆီ၊ဝတ္တုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော်ပြီးအခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက်ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက ဆန်၊ဆီ ဝတ္တုငွေများ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြလျှောက်ထားသည်။

ယင်းနောက် ငှက်ပျောတောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနာသီရိဘိဝံသထံမှ ငါးပါသီးလခံယူပြီး ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒမှ သြဝါဒကထာ မြွက်ကြားခဲ့သည်။

ထို့နောက်ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်း၊ဆီ၊ဝတ္တုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ တပ်နယ်မှူး ဗိုလ်မှူးဟန်ဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်
ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှမြင့်လေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်း ခဲ့ကြသည်။
ယနေ့ ဆွမ်းဆန်စိမ်းလှူဒါန်းပွဲတွင်မွန်ပြည်နယ်အစိုးရအဖွဲ့ ဘီးလင်းမြို့နယ်ရှိဌာနဆိုင်ရာများ၊​စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်း ၄၀၁ ကျောင်းတို့မှ ဆရာတော်၊သံဃာတော်များနှင့် သီလရှင် ဆရာလေးများ စုစုပေါင်း ၄၀၇၅ ပါးအတွက်တစ်ပါးလျှင် ဆန် ၅ ပြည်၊ကျောင်းတစ်ကျောင်းလျှင်၁၀ ပိဿာဆီပုံး ၁ ပုံး လှူဒါန်းခဲ့ရာ စုစုပေါင်းဆန် အိတ် ၁၀၀၀ ၊ဆီပိဿာ ၁၀၀၀နှင့် စုစုပေါင်းငွေကျပ် ၃၂၅ သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေးမျိုးမျိုးစံ