သထုံ အောက်တိုဘာ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့ မွန်းလွဲပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ စနစ်တကျ ဖြစ်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်က မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ၌ ဆေးထိုးစုရပ်အသီးသီးမှ အကျုံးဝင်အုပ်စုများအား စနစ်တကျစာရင်းပြုစု မှတ်တမ်းတင်ရေးသွင်း၍ ကာကွယ်ဆေး ထိုးနှံပေးရေး ကိစ္စရပ်များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ရေးနှင့် အထက်ဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ရပ်ကွက်နှင့် ကျေးရွာအလိုက် ဆောင်ရွက်နေသည့် အခြေအနေ များ၊ အခက်အခဲများတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ သထုံ မြိုနယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၄ စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)