မိုင်းခတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး သိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းခတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြို့ပတ်လမ်းနေ အိမ်လမ်းကြားများတွင်HandSpeakerဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့်သွားလာခြင်းများကိုရှောင်ကြဉ်ရန်၊အပြင်မှပြန်လာသော အခါ (mask)များကို စနစ်တကျစွန့်ပြစ်ရန်၊ လက်ကိုဆပ်ပြာနှင့်စက္ကန့်၂၀ကြာအောင်ဆေးရန်နှင့်မိမိတို့နေ့အိမ်၌ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် လှည့်လည်တိုက်တွန်း နှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဒေ(ပြန်/ဆက်)