မိုင်းယုမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm ပထမအကြိမ် တတိယအသုတ်ထိုးနှံ

မိုင်းယု     အောက်တိုဘာ    ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ   အသက်(၄၀) နှစ်အထက် ပြည်သူများကို ယနေ့ နံနက် နာရီက   မြို့မရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် တတိယအသုတ် ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးရာတွင်  မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၏ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ သားဖွား ဆရာမ ဒေါ်ဝေဝေလွင်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဆေးလာရောက် ထိုးနှံကြသည့် မြို့မရပ်ကွက်မှ(၂၄)ဦး၊ တာကြန့်ကျေးရွာ အုပ်စုမှ(၆၄)ဦး၊ ဒွန်းနွဲ့ကျေးရွာ အုပ်စုမှ (၆)ဦးနှင့် မိုင်းလွေကျေးရွာ အုပ်စုမှ (၃၁)ဦး၊ စုစုပေါင်း အသက်(၄၀)နှစ်အထက်  ဒေသခံပြည်သူ (၁၂၅)ဦးတို့ကို ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ  ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဆေးထိုး နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူအတည်ပြုလူနာ အမျိုးသမီးတစ်ဦးရှိနေပြီး သတ်မှတ် နေရာတွင် Home Quarantine ထားရှိကာ ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်းနှင့် လတ်တလော အခြေအနေတွင် ထပ်တိုးအတည်ပြု လူနာနှင့် သေဆုံးသူ မရှိကြောင်း သိရသည်။         

ကိုကိုနိုင်(မိုင်းယု)