မကွေးတိုင်းဒေသကြီးအတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက် မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့်တွေ့ဆုံမေးမြန်းသည့် အမေးအဖြေများ

 

တွေ့ဆုံမေးမြန်းသူ -    ဒေါ်ကေသွယ်ဟန်

ဦးမျိုးမောင်မောင်ကျော်

 ဓာတ်ပုံ - ဦးစည်သူလွင်

 

မေး။   ပထမဦးဆုံး ဆရာနာမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ဖြေကြား ပေးပါဦးရှင့်။

 

ဖြေ။    ကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်ဖြစ်ပါတယ်။

 

မေး။   ပထမဆုံးအနေနဲ့ တိုင်းအတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ပြင်ဆင် ဆောင်ရွက်မှုအခြေအနေ သိပါရစေ။

 

ဖြေ။    ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ ညွှန်ကြားချက်အရ (၁.၁၀.၂၀၂၁) ရက်နေ့မှာ ခရိုင်/မြို့နယ်မှာရှိတဲ့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်/မြို့နယ် ကျန်းမာရေးမှူးတွေ၊ ခရိုင်/မြို့နယ် လ.ဝ.က ဦးစီးမှူးတွေ၊ ခရိုင်/မြို့နယ် လူကယ်/ပြန်တွေနဲ့ ဘေးစီမံတွေ စုပေါင်းပြီး တော့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်းရေအတွက် အသေးစိတ်စီမံချက်တွေကို မြို့တော်ခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ဆိုလိုရှိရင် အသက်(၁၂)နှစ်အထက် ကျောင်းသား /သူစာရင်းအနေနဲ့ ယခု လက်ရှိ စာရင်းကောက် ယူမှုအရ ကျောင်းသား/သူဦးရေ (၁၁၂၃၈၆)ဦး ရှိပါတယ်။ကျောင်းအနေနဲ့အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ အပါအဝင် အထက်တန်းကျောင်း(၈၆၆)ကျောင်း၊ အလယ်တန်း ကျောင်း (၁၅၂၆)ကျောင်းရှိပြီးတော့ စုစုပေါင်း ကျောင်း ပေါင်း(၂၃၉၂)ကျောင်းမှာရှိတဲ့ ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံမယ့်နေရာ တွေအနေနဲ့ စုစုပေါင်းနေရာ (၂၅၅) နေရာရှိပါတယ်။ ဆေးထိုးနှံပေးမည့် အဖွဲ့(၁၆၈)ဖွဲ့ ရှိပြီးတော့ အဖွဲ့ဝင်ဦးရေ (၂၆၄၄)ဦးရှိပါတယ်။ လုံခြုံရေးအနေနဲ့ တပ်မတော်သား တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက ပူးပေါင်း ဆောင်ရွက် မှာဖြစ်ပါတယ်။ ဆေးထိုးနှံပေးမည့် အဖွဲ့တွေကိုသက်ဆိုင်ရာ မြို့နယ် ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ တပ်မတော်သားတွေက အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီးတော့ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာတွေကို သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဘေးစီမံဌာန ၊ Volunteer တွေက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စာရင်းသွင်းခြင်းအနေနဲ့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက စာရင်းသွင်းပေးရမှာဖြစ်ပါတယ်။

 

မေး။   ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမယ့် ကျောင်းသား/သူတွေ အနေနဲ့ ဆေးထိုးမယ့်စုရပ်နေရာ တွေကို သူတို့ အစီအစဉ်နဲ့ လာရမလား၊ ပညာရေးဌာနက ဒါမှမဟုတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်ပေးမှာလား သိပါရစေရှင့်။

 

ဖြေ။    ကျွန်တော်တို့အနေနဲ့ အပိုင်း(၂)ပိုင်းခွဲပြီးဆောင်ရွက်ထားတာ ရှိတာပေါ့။ ပထမပိုင်း အနေနဲ့ ကာကွယ်ဆေးထိုးမယ့် ကျောင်းသား/သူတွေကို စုစည်းခေါ် ဆောင်သွား မှာက သက်ဆိုင်ရာ ပညာရေးဌာနက ဆရာ/ဆရာမများနဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နဲ့ပူးပေါင်းပြီးတော့ ကျောင်းသား/သူတွေ၊ မိဘအုပ်ထိန်းသူတွေကို ကာကွယ်ဆေးထိုးနှံမယ့် အခြေအနေတွေကို အသိပေး ထားပြီးဖြစ်ပါတယ်။ ဒုတိယအပိုင်းအနေနဲ့ ကာကွယ်ဆေး ထိုးနှံပေးမယ့် အဖွဲ့တွေရဲ့ သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေးကိစ္စတွေကို စီစဉ်ပေးထား ပြီးဖြစ်ပါတယ်။

 

မေး။ ကိုဗစ်ကာကွယ်ဆေးတွေက ဘယ်နေ့ရောက်လာမလဲ၊ ဘယ်အချိန်လောက် စတင်ထိုး ပေးမလဲဆိုတာ သိလို့ရမလားရှင့်။ ထိုးပေးမယ့် ကာကွယ်ဆေးအမျိုးအစားကိုလည်း သိပါရစေရှင့်။

 

ဖြေ။ အကြမ်းဖျင်းအနေနဲ့ အောက်တိုဘာလ(၁၃)ရက်နေ့လောက် ဆေးတွေစရောက်လာပါ့မယ်။ ဆေးရာက်ပြီး(၂)ရက်လောက်အတွင်းမှာ ထိုးပေးဖို့ စီစဉ်ထား ပါတယ်။ ထိုးမယ့်ဆေးအမျိုးအစား ကတော့ Sinovaic အမျိုးအစားဖြစ်ပါတယ်။ ဆေးထိုးနှံပေးမယ့် အစီအစဉ်တွေကို ကျောင်းသား/သူ တွေနဲ့ အုပ်ထိန်းသူ မိဘတွေ သိရှိနိုင်ဖို့အတွက် တိုင်းဒေသကြီးမှာရှိတဲ့ ပြန်/ဆက်ဦးစီးဌာနနဲ့ ပူးပေါင်း ပြီးတော့ သတင်းထုတ်ပြန်ချက်တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူခြင်းနဲ့ ရပ်ကွက်/ကျေးရွာ တွေမှာ လိုက်လံနှိုးဆော်ခြင်း တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။   ဆရာ့အနေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးမှုနဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောကြား ချင်တာ လေးရှိရင် ပြောကြားပေးပါဦး။